Wednesday, February 19, 2020

အတောင်ပေါက်ခြင်း အစ (နောက်ဆက်တွဲ)

အတောင်ပေါက်ခြင်း အစ (နောက်ဆက်တွဲ)

ရထားပေါ်မှာထဲက  ကိုမျိုးညွန့်အောင်ကပြောပါတယ်၊  ဒီနယ်မြေမှာ ပေါ်တာဆွဲတတ်တယ် ဆိုတာ။  စိတ်ထဲမှာ  သိပ်အလေးအနက်  မထားမိဘူး။  အဲ့နေ့က  ကာမိုင်းရောက်ပြီး  နေ့လည်စာစားနေကြတာ။  အဲ့တုန်းက  ကာမိုင်းဆိုတာ  ရွာကြီး သာသာရယ်။ နေ့လည်စာကလည်း  အဲလိုပေါ့၊ အိမ်ဆိုင်တစ်ဆိုင်မှာ  ဖြစ်သလို ထိုင်ပြီးစားကြတာ။  ဖားကန့်တက်မယ့်  ကျင်းသားတွေလည်း  လေး ငါး ဆယ်ရောက်ထိုင်နေကြတယ်  ထင်တယ်။
.
စားတုန်းတဝက်လောက် ရှိမယ်ထင်ပါတယ်၊  အတော်ခပ်လှန်းလှန်းက  ဝေါဝေါဆို လူတွေအများကြီး ပြေးသံတွေ စပြီး ကြားလာရော။  ကိုယ်က  ဘာအတွေ့အကြုံမှ မရှိဘဲကိုး။  ဘာသံတွေလဲဆို  အူကြောင်ကြောင်နဲ့ ထိုင်နေတာ။  ကိုမျိုးညွန့်အောင်ရယ်  ရန်ကုန်က  အတူထွက်လာတဲ့  ကိုသိန်းရယ်က  ရုတ်တရက်ကောက်ထပြီး  ကိုမိုး ပြေး  ပြေး  ပေါ်တာ  ဆို၊ ကိုယ်လည်း  လက်တောင်မဆေးဘူး၊  ပါလာတဲ့ကျောပိုးအိတ်လေး  ကောက်ပြီး ပြေးတာ။  နောက်ကျတဲ့  ခြေထောက်သစ္စာဖေါက်။
.
ထမင်းစားနေတာ  အိမ်ဆိုင်လေးဆိုတော့  ဘေးချင်းကပ်ရက်   ခြံထဲ  ခြံစည်းရိုးကို   ကျော်ပြီးပြေးတာ။ အဲ့အချိန်မှာ  အိမ်ရှေ့က လမ်းလေးမှာ  လူတွေက  စပြေးနေကြပြီ။  ဝေါဝေါဆိုတဲ့  လူတွေ  ပြေးသံတွေက  လွဲလို့  ဘာမှ မကြားရဘူး။  တစ်အိမ် နှစ်အိမ်ကျော်ပြေးပြီးတော့၊ လမ်းမဘက်က  ဆဲဆိုသံတွေ  ရိုက်နှက်သံတွေ  စ ကြားရပြီ။   
.
သူများခြံဝန်းထဲ  ဖြတ်ပြေးရင်းက ခြေတန်ရှေ  အိမ်လေးတွေ့ရော။  ကိုသိန်းထင်တယ်၊  ကိုမိုးရေ  ဝင် ဆို၊ အဲ့အိမ်အောက်ထဲ  အိတ်ကော လူကော ပြစ်ဝင်သွားရော။   ဘယ်ရမလည်း။  ကိုယ်လည်း  ဒိုက်ထိုးပြီးပြစ်ဝင်ပေါ့။  ဟို အမျိုးကောင်းသားများက  လမ်းပေါ်မှာ ဆွဲနေပြီ။  တုတ်နဲ့ ရိုက်သံတွေလည်း  အတိုင်းသားပေါ့၊  တဖြောင်းဖြောင်းနဲ့။  အိမ်အောက်  ငုံ့ မကြည့်လို့။  မဟုတ်ရင်  ပထမဆုံး  ပေါ်တာ  အဆွဲခံရတဲ့  ဆရာဝန်ဖြစ်သွားနိုင်တယ်။ 
.
အဲ့အိမ်အောက်မှာ  ဆယ်မီနစ်  ဆယ့်ငါးမီနစ်လောက်ကြာမယ်။    ဆွဲမိသွားတဲ့  သူတွေကို  ဆဲဆိုပြီး ခေါ်သွားသံတွေက အတိုင်းသား။  ကိုယ်လည်း  မြန်မာပြည်က ထွက်ခဲ့ပြီး  အနှစ်သုံးဆယ်နီးပါး  ရောက်ခဲ့တဲ့  တိုင်းပြည်တွေမနဲတော့။  ကိုယ့်တိုင်းပြည်ကို ကာကွယ်ပါမယ်ဆိုတဲ့  စစ်တပ်က  ကိုယ့်ပြည်သူကို  ရိုက်နှက် ပေါ်တာဆွဲတာ  မြန်မာပြည်မှာဘဲ  ရှိတယ်။ ကောင်းပါတယ်။   သံယောဇဉ်တွေ  ပြတ်သထက်  ပြတ် သွားတာပေါ့။
.
အားလုံးရှင်းသွားတော့  ကိုမျိုးညွန့်အောင်က  ဒီအတိုင်းဆို မဖြစ်ဘူး၊  လမ်းမှာဆွဲရင်  မလွတ်နိုင်ဘူး။  မြစ်ကြီးနားတက်ပြီး  အခြေအနေ စောင့်ကြည့်ရအောင်ဆို၊  မိုးကောင်းပြန်သွား၊ မြစ်ကြီးနားတက်ပေါ့။
.
တစ်ပတ်လောက်  သူ့အသိအိမ်မှာ  နေတုန်း ကယ်တင်ရှင်က  ပေါ်လာတယ်။  မြစ်ကြီးနားက  ကချင်လောပန်း  ယွပ်ဇော်ခေါင် က  သူ့ကျင်းသားတွေ  အဖွဲ့လိုက်နဲ့  ဖားကန့်တက်ဖို့  ပြင်နေတယ်။  ကချင်မိတ်ဆွေ  တစ်ယောက်က  အဲဒီကျင်းသားတွေနဲ့  တွဲလိုက်သွား။  အဲ့အဖွဲ့နဲ့ဆို  စစ်တပ်ကော  ကေအိုင်အေ ကော ပြသနာမရှာဘူးပေါ့။  ဒီလောပန်က  ဖားကန့်လောကမှာ  ထိပ်ဆုံးက  ငါးယောက်ထဲမှာပါတယ်။  
.
အော် .. အဲဒီ ယွပ်ဇော်ခေါင်ဆိုတာ  အခု အစိုးရနဲ့ အန်စီအေ  ငြိမ်းချမ်းရေးဆွေးနွေးပွဲ  လုပ်ရင်  တွေ့ရတဲ့  ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မေါ် နဲ့  အမြဲတွဲပြီးတွေ့ရတဲ့  မုတ်ဆိတ်နဲ့တစ်ယောက်။
.
အဲ့အဖွဲ့ကို ဆက်သွယ်၊ လိုက်ခဲ့ချင်ပါတယ် အကူအညီတောင်းတော့။  သူတို့ကလည်း  သိတယ်၊  ရန်ကုန်က ဆရာဝန်တစ်ယောက်ပါတယ်။  သူ့အတွက်  စိတ်ပူလို့ပါဆို၊  ဘာမှမပူနဲ့  လိုက်ခဲ့ပေါ့။  အဲ့တုန်းက  ဖားကန့်သွားတဲ့သူတိုင်း  ကေအိုင်အေကို  ဆန်တစ်ပြည်  ငွေ အစိတ်ပေးရတယ်။  ကိုယ်တိုင်ကိုယ်ကျ  သူတို့လက်ထဲထည့်ရတာ။  အဲဒါလည်း  သူတို့ပေးလိုက်မယ်။  စိတ်မပူနဲ့ဆို။  ဒီတစ်ခါတော့  အဆင်ပြေပြီပေါ့လေ။ 
.
ကိုယ်လည်း  ကျင်းသားတွေလိုဘဲ၊  အထုပ်အပိုးတွေ ဝင်ထမ်းပြီး  လိုက်သွားတယ်။   အင်း  အဲ့တော့မှ  ရောက်တာ။ ကေအိုင်အေ  စစ်တပ်ထဲ  တန်းပြီး ရောက်သွားတာ။
.
(ဆက်ရေးချင်စိတ်  မရှိတော့ပါ)

Tuesday, February 11, 2020

အတောင်ပေါက်ခြင်း အစ

ဒုက္ခရှေ့မှောက် ရောက်တဲ့အခါ တစ်ချို့လူတွေဟာ ချိုင်းထောက် ဝယ်တပ်ရပြီး တစ်ချို့လူတွေမှာတော့ အတောင်တွေပေါက်လာတယ် (နန္ဒာသိန်းဇံ ၁၉၄၇ - ၂၀၁၁)။ -----------------------------------------------------------------------------------------------

အတောင်ပေါက်ခြင်း အစ
.
ဟာ မဖြစ်ပါဘူး၊ ခင်ဗျားလိုက်လို့ မဖြစ်ဘူး။ ခင်ဗျား တစ်ခုခုဖြစ်ရင် ကျနော် တရားခံဖြစ်မယ်။ ကိုမျိုးညွန့်အောင် အဲလို ခါးခါးသီးသီး ငြင်းတော့မယ်ဆိုတာလည်း မျှော်လင့်ထားပြီးသား။ ၁၉၈၉ နွေရာသီ တနေ့လည် ဗိုလ်ချုပ်ဈေးထဲက အိတ်စ်ယောက္ခမကြီးတွေ ဆိုင်ထိုင်ပေးရင်း ကိုမျိုးညွန့်အောင်ကို ဖါးကန့်လိုက်ပြီး ဆေးခန်းဖွင့်ဖို့ အကူအညီတောင်းတာ။ သူကလဲ ကိုယ့်ကို ဆရာဝန်ပေါက်စ မဖြစ်နိုင်တာ အန္တရယ်များတဲ့လမ်းကို ခေါ်ရင် တစ်ခုခုဖြစ်ရင် သူ့ခေါင်းပေါ်ရောက်မှာ စိုးလို့ အကြောက်အကန်ငြင်းတာ။
.
 အန္တရယ်များဆို အဲ့အချိန်က ဖါးကန့်က ကေအိုင်အေ လက်အောက်မှာဘဲ ရှိသေးတာလေ။ မဆလ အစိုးရ၊ စစ်အစိုးရ တစ်လျေှက်လုံး ဖါးကန့်ဆိုတာ အညိုရောင်နယ်မြေ။ နေရာ အများစုက ကေအိုင်အေ အုပ်ချုပ်ရေး အောက်မှာ။ ကေအိုင်အေနဲ့ စစ်တပ်နဲ့ဆိုတာ စစ်ပွဲတွေက တအုန်းအုန်း။ ကချင် တရုတ် လောပန်တွေရယ် သူဌေးဖြစ် ခွေးဖြစ်ဆိုတဲ့သူတွေရယ် သွားတဲ့နေရာ။
 .
ကိုယ်ကလည်း အဲ့ဒီအချိန်မှာ စိတ်က တုံးတုံးချ။ ဖါးကန့်။ ဘယ်သူဘာပြောပြော တက်မယ်ဆုံးဖြတ်ပြီးသား။ လမ်းကြောင်းသိတဲသူကို ရှာနေတာ။
.
ဒီ ဖါးကန့်ဖြစ်ရတဲ့ အကြောင်းက ငွေရှာမယ်၊ နိုင်ငံခြားဆိုတာကြီးကို အပြီးထွက်တော့မယ်။ စလုံးအရင်ဝင်မယ် အတွေ့အကြုံနဲနဲယူ ပြီးရင် ယူကေ ကိုသွား၊ PLAB ဖြေမယ်ဆိုတဲ့လမ်းက စ တာ။
.
နိုင်ငံခြားဆိုတာကြီး တသက်လုံးခေါင်းထဲ မရှိဘဲနဲ့ Final Part 2 လောက်ရောက်မှ ကိုယ့် အဖေကို ကြည့်ပြီး ဒီမှာတော့မဖြစ်ဘူး ထွက်မှဖြစ်မယ်လို့ ဖြစ်လာတာ။ သမ ဝန်ကြီး စိန်ထွန်း စွမ်းအင်ဝန်ကြီး ဖြစ်တဲ့အချိန်က စ လို့ အင်/ချုပ် ဒု အင်/ချုပ် တွေ အမေနှမနဲ့ကိုင်တုပ်ပြီး အဆဲခံရ၊ ကံဆိုးသွားရင် ပါးရိုက်ခံရတဲ့ သူနဲ့ လည်ပင်းညှစ်ခံရတဲ့သူနဲ့။ အခုခေတ်က အုန်းမြင့်က ပါးလှည့်ရိုက်မယ်လို့ ပြောရုံပြောတာ၊ အဲ့တုန်းက စိန်ထွန်းက တကယ်လုပ်ခဲ့တာ။ အဲဒါတွေ မြင်ရကြားရပါများတော့ ဒီကောင်တွေ လက်အောက်လုပ်ရင် ငါတော့ ခွေးဖြစ်မှာဘဲလို့ တဖြည်းဖြည်း စိတ်ထဲစွဲသွားတာ။ အခုလည်း အဲ့ စိတ်က မပျောက်ပါဘူး။ မဆလ ပြီးတော့ စစ်အစိုးရတက်လာတော့ အင်ဆားဗစ်ဝင်ဖို့ ဆိုတာ ခေါင်းထဲမှာတောင် မရှိ။
.
အဲ့နေ့က ကိုမျိုးညွန့်အောင်နဲ့ လိုက်မယ် မခေါ်ဘူးနဲ့ ငြင်းနေရင်း သူက နောက်ဆုံး လက်နက် ထုတ်လာတယ်။ ကျုပ်ပြောမယ်၊ ခင်ဗျားလိုက်ရင် ဖြစ်စရာ သုံးလမ်းဘဲရှိတယ်။ ကိုးဆယ်ရာခိုင်နှုန်း ဖြစ်ဖို့များတာ ကေအိုင်အေက ခေါ်သွားလိမ့်မယ်၊ ဟိုမှာ ဆရာဝန်တွေ လိုနေတာ။ နှစ်တွေ နဲနဲကြာရင် ခင်ဗျား ကချင် အမျိုးသမီးတစ်ရောက်နဲ့ ရမှာဘဲ။ ခင်ဗျား ပြန်လာစရာ လမ်းမရှိတော့ဘူး။ အဲလိုနဲ့ စ တာ။ အေးတာဘဲဆို ကိုယ်ကပြုံးနေတော့၊ နောက် ဒုတိယ ဖြစ်နိုင်စရာက ခင်ဗျားကို ကေအိုင်အေက မယုံဘူး၊ ဘယ်လိုမှ ကျင်းသားပုံ မပေါက်ဘူး။ အစိုးရ သူလျှိုအောင်းမေ့ပြီး ဆွဲမယ်။ ကေအိုင်အေက လူသတ်တာ ကျည်ဆံကုန်လို့ ပေါက်ပြားတစ်ချောင်းပေး ကျင်းတူးခိုင်း၊ ပြီးရင် အဲ့ပေါက်ပြားနဲ့ဘဲ ခုတ်သတ်မှာ။ သူပြောတာ မမှားဘူး၊ အဲ့ သတင်းမျိုးက ကြားဖူးတယ်။ နဲနဲတော့ ဂုတ်ယားသား။ ဆက်ပြောတာ၊ နောက်ဆုံး ဖြစ်နိုင်ချေက ငှက်ဖျားမိမှာ။ ဖါးကန့်မှာ ငှက်မမိဘူးတဲ့သူမရှိ။ ခင်ဗျား ဒုက္ခရောက်မယ်။ သူပြောတာတွေက ဆေးမတိုးတော့ဘူး။ ဆုံးဖြတ်ပြီးသား ဆိုမှ။
.
အဲဒါနဲ့ဘဲ ကျောပိုးအိတ်လေး တစ်လုံးလွယ်လို့ အတင်းကို လိုက်သွားရော။ မလိုက်ခင် အမေ့ကို သွားခွင့်တောင်းတယ်။ အမေက တခွန်းဘဲ မေးတယ်။ သား ဘာဖြစ်လို့ သွားချင်တာလဲတဲ့။ ကိုယ့်အဖြေကလည်း ရှင်းပါတယ်။ အမေ ကျနော် ဒီလို မီဒီယိုကာ mediocre ဘဝမှာ နေရတာထက်စာရင် သေရင်သေ မသေရင် လူစဉ်မီနေချင်ပါတယ်၊ ဒါဘဲ။ အမေကလည်း ခဏဘဲ ငြိမ်သွားတယ်။ ချက်ခြင်း အဖြေပေးတယ်။ ကိုယ့်ခေါင်းကို ကိုင်ပြီးတော့ သွား ငါ့သား သွား၊ ငါ့သားက အောင်မြင်မဲ့သား၊ စိတ်ဖြောင့်ဖြောင့်နဲ့ သွားတဲ့။ အဲလို အမေ။ မွေးထားတဲ့သား အကြောင်း အသိဆုံးလေ။
.
နင်လားဟဲ့ ဖါးကန့်၊ နင်လားဟဲ့ ကေအိုင်အေ ဆို လိုက်သွားတာ။ ရထားနဲ့ သွားကြတာ။ မန္တလေး၊ မိုးကောင်း၊ ပြီးတော့ ကာမိုင်း။ ဘယ်က ကေအိုင်အေ တွေ့အုံးမလဲ။ တို့ပြည်ကြီးကို ကာကွယ်မလေ ဆိုတဲ့ အမျိုးကောင်းသားများနဲ့ တွေ့ပြီး ကာမိုင်းမှာ ပေါ်တာ ဆွဲတာနဲ့ တန်းတိုးတာဘဲ။ ဘဝက အဲလို။
.
ဆက်ကောင်း ဆက်မည်။

အေတာင္ေပါက္ျခင္း အစ

ဒုကၡေရွ႕ေမွာက္ ေရာက္တဲ့အခါ တစ္ခ်ိဳ႕လူေတြဟာ ခ်ိဳင္းေထာက္ ဝယ္တပ္ရျပီး တစ္ခ်ိဳ႕လူေတြမွာေတာ့ အေတာင္ေတြေပါက္လာတယ္ (နႏၵာသိန္းဇံ ၁၉၄၇ - ၂၀၁၁)။ -----------------------------------------------------------------------------------------------

အေတာင္ေပါက္ျခင္း အစ


အစ ဟာ မျဖစ္ပါဘူး၊ ခင္ဗ်ားလိုက္လို႔ မျဖစ္ဘူး။ ခင္ဗ်ား တစ္ခုခုုျဖစ္ရင္ က်ေနာ္ တရားခံျဖစ္မယ္။ ကိုမ်ိဳးညြန္႔ေအာင္ အဲလို ခါးခါးသီးသီး ျငင္းေတာ့မယ္ဆိုတာလည္း ေမ်ွာ္လင့္ထားျပီးသား။ ၁၉၈၉ ေႏြရာသီ တေန႔လည္ ဗိုလ္ခ်ဳပ္ေစ်းထဲက အိတ္စ္ေယာကၡမၾကီးေတြ ဆိုင္ထိုင္ေပးရင္း ကိုမ်ိဳးညြန္႔ေအာင္ကို ဖါးကန္႔လိုက္ျပီး ေဆးခန္းဖြင့္ဖို႔ အကူအညီေတာင္းတာ။ သူကလဲ ကိုယ့္ကို ဆရာဝန္ေပါက္စ မျဖစ္ႏိုင္တာ အႏၱရယ္မ်ားတဲ့လမ္းကို ေခၚရင္ တစ္ခုခုျဖစ္ရင္ သူ႔ေခါင္းေပၚေရာက္မွာ စိုးလို႔ အေၾကာက္အကန္ျငင္းတာ။
.
အႏၱရယ္မ်ားဆို အဲ့အခ်ိန္က ဖါးကန္႔က ေကအိုင္ေအ လက္ေအာက္မွာဘဲ ရွိေသးတာေလ။ မဆလ အစိုးရ၊ စစ္အစိုးရ တစ္ေလ်ွက္လံုး ဖါးကန္႔ဆိုတာ အညိဳေရာင္နယ္ေျမ။ ေနရာ အမ်ားစုက ေကအိုင္ေအ အုပ္ခ်ဳပ္ေရး ေအာက္မွာ။ ေကအိုင္ေအနဲ႔ စစ္တပ္နဲ႔ဆိုတာ စစ္ပြဲေတြက တအုန္းအုန္း။ ကခ်င္ တရုတ္ ေလာပန္ေတြရယ္ သူေဌးျဖစ္ ေခြးျဖစ္ဆိုတဲ့သူေတြရယ္ သြားတဲ့ေနရာ။ 
.
ကိုယ္ကလည္း အဲ့ဒီအခ်ိန္မွာ စိတ္က တံုးတံုးခ်။ ဖါးကန္႔။ ဘယ္သူဘာေျပာေျပာ တက္မယ္ဆံုးျဖတ္ျပီးသား။ လမ္းေၾကာင္းသိတဲသူကို ရွာေနတာ။
.
ဒီ ဖါးကန္႔ျဖစ္ရတဲ့ အေၾကာင္းက ေငြရွာမယ္၊ ႏိုင္ငံျခားဆိုတာၾကီးကို အျပီးထြက္ေတာ့မယ္။ စလံုးအရင္ဝင္မယ္ အေတြ႕အၾကံဳနဲနဲယူ ျပီးရင္ ယူေက ကိုသြား၊ PLAB ေျဖမယ္ဆိုတဲ့လမ္းက စ တာ။
.
 ႏိုင္ငံျခားဆိုတာၾကီး တသက္လံုးေခါင္းထဲ မရွိဘဲနဲ႔ Final Part 2 ေလာက္ေရာက္မွ ကိုယ့္ အေဖကို ၾကည့္ျပီး ဒီမွာေတာ့မျဖစ္ဘူး ထြက္မွျဖစ္မယ္လို႔ ျဖစ္လာတာ။ သမ ဝန္ၾကီး စိန္ထြန္း စြမ္းအင္ဝန္ၾကီး ျဖစ္တဲ့အခ်ိန္က စ လို႔ အင္/ခ်ဳပ္ ဒု အင္/ခ်ဳပ္ ေတြ အေမႏွမနဲ႔ကုိင္တုပ္ျပီး အဆဲခံရ၊ ကံဆိုးသြားရင္ ပါးရိုက္ခံရတဲ့ သူနဲ႔ လည္ပင္းညွစ္ခံရတဲ့သူနဲ႔။ အခုေခတ္က အုန္းျမင့္က ပါးလွည့္ရိုက္မယ္လို႔ ေျပာရံုေျပာတာ၊ အဲ့တုန္းက စိန္ထြန္းက တကယ္လုပ္ခဲ့တာ။ အဲဒါေတြ ျမင္ရၾကားရပါမ်ားေတာ့ ဒီေကာင္ေတြ လက္ေအာက္လုပ္ရင္ ငါေတာ့ ေခြးျဖစ္မွာဘဲလို႔ တျဖည္းျဖည္း စိတ္ထဲစြဲသြားတာ။ အခုလည္း အဲ့ စိတ္က မေပ်ာက္ပါဘူး။ မဆလ ျပီးေတာ့ စစ္အစိုးရတက္လာေတာ့ အင္ဆားဗစ္ဝင္ဖို႔ ဆိုတာ ေခါင္းထဲမွာေတာင္ မရွိ။
.
အဲ့ေန႔က ကိုမ်ိဳးညြန္႔ေအာင္နဲ႔ လိုက္မယ္ မေခၚဘူးနဲ႔ ျငင္းေနရင္း သူက ေနာက္ဆံုး လက္နက္ ထုတ္လာတယ္။ က်ဳပ္ေျပာမယ္၊ ခင္ဗ်ားလိုက္ရင္ ျဖစ္စရာ သံုးလမ္းဘဲရွိတယ္။ ကိုးဆယ္ရာခိုင္ႏႈန္း ျဖစ္ဖို႔မ်ားတာ ေကအိုင္ေအက ေခၚသြားလိမ့္မယ္၊ ဟိုမွာ ဆရာဝန္ေတြ လိုေနတာ။ ႏွစ္ေတြ နဲနဲၾကာရင္ ခင္ဗ်ား ကခ်င္ အမ်ိဳးသမီးတစ္ေရာက္နဲ႔ ရမွာဘဲ။ ခင္ဗ်ား ျပန္လာစရာ လမ္းမရွိေတာ့ဘူး။ အဲလိုနဲ႔ စ တာ။ ေအးတာဘဲဆို ကိုယ္ကျပံဳးေနေတာ့၊ ေနာက္ ဒုတိယ ျဖစ္ႏိုင္စရာက ခင္ဗ်ားကို ေကအိုင္ေအက မယံုဘူး၊ ဘယ္လိုမွ က်င္းသားပံု မေပါက္ဘူး။ အစိုးရ သူလ်ွိဳေအာင္းေမ့ျပီး ဆြဲမယ္။ ေကအိုင္ေအက လူသတ္တာ က်ည္ဆံကုန္လို႔ ေပါက္ျပားတစ္ေခ်ာင္းေပး က်င္းတူးခိုင္း၊ ျပီးရင္ အဲ့ေပါက္ျပားနဲ႔ဘဲ ခုတ္သတ္မွာ။ သူေျပာတာ မမွားဘူး၊ အဲ့ သတင္းမ်ိဳးက ၾကားဖူးတယ္။ နဲနဲေတာ့ ဂုတ္ယားသား။ ဆက္ေျပာတာ၊ ေနာက္ဆံုး ျဖစ္ႏိုင္ေခ်က ငွက္ဖ်ားမိမွာ။ ဖါးကန္႔မွာ ငွက္မမိဘူးတဲ့သူမရွိ။ ခင္ဗ်ား ဒုကၡေရာက္မယ္။ သူေျပာတာေတြက ေဆးမတိုးေတာ့ဘူး။ ဆံုးျဖတ္ျပီးသား ဆိုမွ။
.
အဲဒါနဲ႔ဘဲ ေက်ာပိုးအိတ္ေလး တစ္လံုးလြယ္လို႔ အတင္းကို လိုက္သြားေရာ။ မလိုက္ခင္ အေမ့ကို သြားခြင့္ေတာင္းတယ္။ အေမက တခြန္းဘဲ ေမးတယ္။ သား ဘာျဖစ္လို႔ သြားခ်င္တာလဲတဲ့။ ကိုယ့္အေျဖကလည္း ရွင္းပါတယ္။ အေမ က်ေနာ္ ဒီလို မီဒီယိုကာ mediocre ဘဝမွာ ေနရတာထက္စာရင္ ေသရင္ေသ မေသရင္ လူစဥ္မီေနခ်င္ပါတယ္၊ ဒါဘဲ။ အေမကလည္း ခဏဘဲ ျငိမ္သြားတယ္။ ခ်က္ျခင္း အေျဖေပးတယ္။ ကိုယ့္ေခါင္းကို ကိုင္ျပီးေတာ့ သြား ငါ့သား သြား၊ ငါ့သားက ေအာင္ျမင္မဲ့သား၊ စိတ္ေျဖာင့္ေျဖာင့္နဲ႔ သြားတဲ့။ အဲလို အေမ။ ေမြးထားတဲ့သား အေၾကာင္း အသိဆံုးေလ။
.
နင္လားဟဲ့ ဖါးကန္႔၊ နင္လားဟဲ့ ေကအိုင္ေအ ဆို လိုက္သြားတာ။ ရထားနဲ႔ သြားၾကတာ။ မႏၱေလး၊ မိုးေကာင္း၊ ျပီးေတာ့ ကာမိုင္း။ ဘယ္က ေကအိုင္ေအ ေတြ႕အံုးမလဲ။ တို႔ျပည္ၾကီးကို ကာကြယ္မေလ ဆိုတဲ့ အမ်ိဳးေကာင္းသားမ်ားနဲ႔ ေတြ႕ျပီး ကာမိုင္းမွာ ေပၚတာ ဆြဲတာနဲ႔ တန္းတိုးတာဘဲ။ ဘဝက အဲလို။
.
ဆက္ေကာင္း ဆက္မည္။